Monday, April 7, 2008

ပိတောက်တွေ တစ်ကယ်ပွင့်မှာလား ….

အသစ်တွေကို ချစ်တဲ့ စိတ်နဲ့ 
ငါအခုထိ အတိုက်အခံ လုပ်နေတုန်းပဲ
ငါ့နှုတ်ခမ်းကို လှုပ်လှုပ်ပြီး
ရန်သူတွေ မွေးနေတုန်းပဲ
ဘယ်အရာဟာ ဘယ်နေရာမှာ မြစ်ဖျားခံ ခဲ့ပါလိမ့်
ဘာပဲပြောပြော အားလုံးအခု ပြင်းပြနေပြီ
မင်းကော ငါကော ကမ္ဘာကြီးကော
ရစရာ မရှိလောက်အောင်ကို
ပြင်းပြင်းပြပြ ကြီး ပြင်းပြနေပြီ
ဘယ်သူဘာဆိုတာကို ဘွားခနဲ မြင်ရဖို့
ဟောဒီ့လောကကြီး ကို ပိတ်ပစ်လိုက်ဖို့ လိုမယ်
လွင့်နေတဲ့ တိမ်ကလေးကို ချစ်တယ်
ပွင့်နေတဲ့ ပန်းကလေးကို ချစ်တယ်
လွမ်းဖို့အတွက်ဆို ငါ့မှာ ဇရှိတယ်
ငါ့ကဗျာက ခုမှ လေးဘက်တွားနေတုန်း
ဝင်သက် နဲ့ ထွက်သက်က
သဟဇာတ မဖြစ်ရတဲ့ အခါ
မင်းကို သတိရခြင်းနဲ့ 
ပဋိပက္ခ မဖြစ်အောင် ညှိရတယ်
စိတ်က
တသဝေမတိမ်း
မင်းရှိတဲ့ ဘက်ကို ယိမ်းတယ်
မင်းယူတဲ့ ဘက်ကို ညွှတ်တယ်
ဟောင်းလွန်းပေမယ့်
သီချင်းတွေ အားလုံးကောင်းလွန်းခဲ့တဲ့ အခါ
အခု ဖျော်ဖြေ ဖို့ အလှည့်ကျသူကတော့
အစုန် နဲ့ အဆန်ကြား
မင်းနဲ့ မျက်နှာချင်းဆိုင် ခြားနားခဲ့ရတဲ့
ငါပဲဖြစ်တယ်
မင်းကတောင်ဘက်ပြေးချိန်မှာ
ငါကမြောက်ဘက်လိုက်မိခဲ့
( ယွန်းပိုးဖြူရဲ့ )
အခုထက်ထိတော့ ငှက်တွေပျံနေတုန်းပဲ
ဆိုလိုတာက
ဂြိုဟ်ပြာကြီး ရဲ့ တစ်နေရာ
ဒီတစ်ခါ
ပိတောက်တွေ တစ်ကယ်ပွင့်မှာလား…..။ ။

ညိုထက်ညို

3 comments:

Gu Gu said...

ဟေ့ရောင်.. ကဗျာကတော့ တကယ့်ကို ရှယ်ပဲ... ကြိုက်တယ်...

အေး... ဂြိုလ်ပြာကြီးတော့ မသိဘူး... ငါ့မှာ ဂြိုလ်သားကြီး ဆိုတဲ့ သယ်ရင်းတကောင်တော့ ရှိတယ်...

ညိမ်းညို said...

အကိုကြီးညိုထက်ညိုရေ .. အကိုကြီးက ကျွန်တော်တို့ထက် စာပေ၀မ်းစာ၊ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေအများကြီးသာလွန်ပါတယ်ခင်ဗျာ။ သံမဏီနှင်းဆီ ဆောင်းပါးမှာ အကိုကြီးရဲ့ ဘ၀တစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့မြင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်မာန်ပြင်း အစွန်းအထင်းမကင်းတဲ့ကဗျာလေးတွေကို အမြဲအားပေးနေတာ ကျေးဇူးတင်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ။

Aparelho de DVD said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If ossible gives a last there on my blog, it is about the Aparelho de DVD, I hope you enjoy. The address is http://aparelho-dvd.blogspot.com. A hug.