wordpress blog ပြုလုပ်ရာမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံ လေးတွေ၊ ဆေးမြီးတိုနည်းလေးတွေ seo , search engine , free hosting , plugin , themes အစရှိတဲ့ အကြောင်းအရာများကို http://mmwordpress.com မှာ ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ
Saturday, May 31, 2008
mmwordpress
Posted By MgThaJan at 4:09 PM 0 comments
Labels: mmwordpress.com, myamar wordpress, Wordpress, မြန်မာ ဘလော့, မြန်မာ ဝေါ့ပရက်စ်
smsy စပ်မိစပ်ရာ
ကျွန်တော်တို့ရဲ့ စပ်မိစပ်ရာ smsy blog ကို မြန်မာပြည် မှ လွယ်ကူစွာ ၀င်ရောက်ကြည့်ရှု နိုင်ရန်အတွက် http://smsy.mmwordpress.com သို့ ပြောင်းရွေ့ ထားပါတယ် ခင်ဗျာ။
Posted By MgThaJan at 4:07 PM 0 comments
Labels: mmwordpress.com, mtj, SMSY
Tuesday, April 29, 2008
နိုး
နိုး
ရိုးသွားပြီမို့ နိုး
ရိုးရိုးလေးပဲ ပြောမယ် နိုး
နှလုံးသားထဲက နိုး
နိုး
လွတ်လပ်မှုကိုချစ်ရင် နိုး
မျှတမှုကိုချစ်ရင် နိုး
ငြိမ်းချမ်းမှုကိုချစ်ရင် နိုး
နိုး
ဆဲဗင်းဇူလိုင်အတွက် နိုး
အလုပ်သမားတွေအတွက် နိုး
ဦးသန့်အတွက် နိုး
နိုး
မှိုင်းရာပြည့်အတွက် နိုး
ရှစ်လေးလုံးအတွက် နိုး
ရွှေဝါရောင်အတွက် နိုး
နိုး
တင်မောင်ဦးအတွက် နိုး
ကိုဖုန်းမော်အတွက် နိုး
ဝင်းမော်ဦးအတွက် နိုး
နိုး
မင်းကိုနိုင်အတွက် နိုး
သက်နိုင်ဦးအတွက် နိုး
ရဲဘော်တွေအတွက် နိုး
နိုး
နိုး
အားလုံးအတွက် နိုး
တစ်ပြည်လုံးကိုနှိုးမယ် နိုး
ကမ္ဘာကြီးနိုးပြီ နိုး ။ ။
ညိုထက်ညို
Posted By Nyo Htet Nyo at 1:25 PM 1 comments
Labels: Poem
Friday, April 25, 2008
မင်္ဂလာဒုံလေဆိပ်
ကျွန်တော်တို့ရဲ့ အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်သစ်ကြီး အကြောင်းကို နည်းနည်း ဂုဏ်ယူပြီး ပြောချင်တယ်ဗျာ။ 2006 ဒီဇင်ဘာမှာ ရောက်ခဲ့တုန်းက စုတ်ချာချာ အဆောက်အအုံလေး။ လေဆိပ်မှာ လုပ်တာကိုင်တာလဲ အချိုးမကျတကျနဲ့။ အခုတော့ အတော်လေး သန့်ရှင်းသပ်ရပ်တဲ့ အဆောက်အုံ၊ စည်းစနစ်ခပ်ကျကျနဲ့ လေဆိပ်သစ်က ခန့်ထည်နေပါတော့တယ်။ သူများနိုင်ငံတွေနဲ့ ယှဉ်ရင် သေးသေးလေးပါ လို့ဆိုနိုင်ပေမယ့် အရင်ထက် စာရင်တော့ အဖက်ဖက်က အများကြီး တိုးတက်ကောင်းမွန်လာတာကို တွေ့ခဲ့ရတယ်။
လေဆိပ်ထဲ ၀င်လိုက်တယ် ဆိုရင်ပဲ အေးစိမ့်နေတဲ့ အဲကွန်း၊ ပြောင်လက် သန့်ရှင်းတဲ့ အပြင်အဆင်ကြောင့် အတော်လေး စိတ်ကျေနပ်ခဲ့တယ်။ immigration ကို ဖြတ်တော့ အရင်လို ဆောင့်ကြွားကြွား မာရေကျောရေ မျက်နှာပေါက်မျိုး မဟုတ်ပဲ လုပ်စရာ ရှိတာကို ခပ်သွက်သွက်ပဲ လုပ်ပေးတဲ့ ၀န်ထမ်းတွေကြောင့် အထူးအဆန်းလိုတောင် ဖြစ်ခဲ့သေးတယ်။ customs ဂိတ်ကိုရောက်ပြန်တော့ ဆေးလိပ်လေး တိုက်ပါဦး ဘာညာကိကွတွေ မရှိပဲ ခပ်ချောချော အကောက်ခွန် ညီမလေးရဲ့ အပြုံးနဲ့ ပြူငှာမှု ကိုတွေ့လိုက်ရတော့ အမှတ်ပြည့်ကို ပေးလိုက်တယ်ဗျာ :P ။

အပြန်ခရီးမှာလဲ အားလုံးချောချောမွေ့မွေ့ပါပဲ။ လေဆိပ် အခွန်ဆောင်၊ လေယာဉ် check in လုပ်၊ အပေါ်ထပ်က immigration မှာ စကားတစ်ခွန်းမှ ပြောစရာမလိုပဲနဲ့ အားလုံး အဆင်ပြေပါတယ်။ immigration ၀န်ထမ်းတွေ အချင်းချင်း တော်ပွားလို့ ကောင်းနေတာလေး တစ်ခုပဲပြောစရာရှိတယ် :D ။

အပေါ်ထပ် departure မှာ လမ်းညွှန်ဆိုင်းဘုတ်တွေနဲ့ ဂိတ်တွေကို ညွန်ပြထားပေးပြီး မျက်စေ့လည်စရာမဖြစ်ပါဘူး :P (သိပ်မှမကြီးတာ)။ ဓါတ်ပုံတွေ လိုက်ရိုက်နေတုန်း ဗိုက်အောင့် လာတာနဲ့ အိမ်သာကိုပြေးခဲ့တော့ သန့်ရှင်းရေး ၀န်ထမ်း တစ်ယောက် ရှိနေတဲ့ အိမ်သာကလဲ အတော့်ကို သန့်ရှင်းကောင်းမွန်တာကို တွေ့ရတယ်။ ဖွင့်တာမကြာသေးတာကြောင့်လားတော့မသိ ပစ္စည်းပစ္စယတွေ ပျက်စီးချို့ယွင်းနေတာ မရှိပဲ အားလုံးသုံးလို့ ရသေးတယ် ဟီး...။

လေယာဉ် စောင့်ဆိုင်းခန်းထဲမှာလဲ သပ်သပ်ရပ်ရပ်နဲ့ ဂွတ် ဂွတ်။ စမုန်ကင်းရွန်းလဲ ရှိတယ်ဗျ။ အရင်တခေါက်ကလို မီးခြစ်သိမ်းမသွားပဲ ပေးယူတာကြောင့် ဆေးလိပ်လေး တစ်ဖွာ ၀င်ဖွာခဲ့သေးတယ်။ ကျွန်တော့်အကြိုက် ဈေးပေါတဲ့ Air Asia ကြောင့်ပဲလားတော့ မသိ၊ လေယာဉ်ပေါ် တိုက်ရိုက်တတ်တဲ့ terminal ကမသွားရပဲ bus ကားနဲ့ တဆင့်သွားရတာတော့ အောက်တယ်ဗျာ။ ကျွန်တော်တို့ရွှေပြည်ရဲ့ ဂုဏ်ယူစရာတွေလဲ တနေ့တခြား ရှားပါးလာတာကြာင့် ဘာမှ ထူးထူးခြားခြား မဟုတ်ပေမယ့် သူများနဲ့ တန်းတူ လုပ်လာနိုင်တာကို တွေ့ရတော့ ဘယ်လိုဖြစ်ဖြစ် ကျေနပ်ဂုဏ်ယူမိပါတယ် ခင်ဗျာ။
Posted By MgThaJan at 2:26 PM 1 comments
Labels: Travel
Thursday, April 24, 2008
My Happiest Birthday !!!
ကျွန်တော်မွေးနေ့က april 16 နေ့ပါ။ မနှစ်က မွေးနေ့မှာ တစ်ယောက်တည်း အထီးကျန်နေလို့ happy birthday to me ဆိုပြီး ပို့စ်တင်ဖြစ်တာ အမှတ်ရမိတယ်။ ဒီနှစ်တော့ မနှစ်ကနဲ့ တခြားစီ။ ဘေးမှာ ချစ်သူနဲ့ သူငယ်ချင်းတွေနဲ့ မွေးနေ့ကိတ်ကြီးနဲ့ ဟီးဟီး... စားကြပါဦး :P

အားလုံးဝိုင်းစားလိုက်ပြီ။ အများဆုံး ဘယ်သူစားလဲ သိလား :P :P :P

မွေးနေ့မှာ အမှတ်တရလေးဖြစ်အောင် စီစဉ်ပေးတဲ့ အရမ်းချစ်ရတဲ့ ချစ်သူလေး၊ တခုတ်တရ ပို့စ်တင်ပေးတဲ့ ညီလေး မောင်မျိုး နဲ့ birthday wish ပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Posted By MgThaJan at 2:24 PM 1 comments
Labels: Myself
Monday, April 7, 2008
ပိတောက်တွေ တစ်ကယ်ပွင့်မှာလား ….
အသစ်တွေကို ချစ်တဲ့ စိတ်နဲ့ 
ငါအခုထိ အတိုက်အခံ လုပ်နေတုန်းပဲ
ငါ့နှုတ်ခမ်းကို လှုပ်လှုပ်ပြီး
ရန်သူတွေ မွေးနေတုန်းပဲ
ဘယ်အရာဟာ ဘယ်နေရာမှာ မြစ်ဖျားခံ ခဲ့ပါလိမ့်
ဘာပဲပြောပြော အားလုံးအခု ပြင်းပြနေပြီ
မင်းကော ငါကော ကမ္ဘာကြီးကော
ရစရာ မရှိလောက်အောင်ကို
ပြင်းပြင်းပြပြ ကြီး ပြင်းပြနေပြီ
ဘယ်သူဘာဆိုတာကို ဘွားခနဲ မြင်ရဖို့
ဟောဒီ့လောကကြီး ကို ပိတ်ပစ်လိုက်ဖို့ လိုမယ်
လွင့်နေတဲ့ တိမ်ကလေးကို ချစ်တယ်
ပွင့်နေတဲ့ ပန်းကလေးကို ချစ်တယ်
လွမ်းဖို့အတွက်ဆို ငါ့မှာ ဇရှိတယ်
ငါ့ကဗျာက ခုမှ လေးဘက်တွားနေတုန်း
ဝင်သက် နဲ့ ထွက်သက်က
သဟဇာတ မဖြစ်ရတဲ့ အခါ
မင်းကို သတိရခြင်းနဲ့ 
ပဋိပက္ခ မဖြစ်အောင် ညှိရတယ်
စိတ်က
တသဝေမတိမ်း
မင်းရှိတဲ့ ဘက်ကို ယိမ်းတယ်
မင်းယူတဲ့ ဘက်ကို ညွှတ်တယ်
ဟောင်းလွန်းပေမယ့်
သီချင်းတွေ အားလုံးကောင်းလွန်းခဲ့တဲ့ အခါ
အခု ဖျော်ဖြေ ဖို့ အလှည့်ကျသူကတော့
အစုန် နဲ့ အဆန်ကြား
မင်းနဲ့ မျက်နှာချင်းဆိုင် ခြားနားခဲ့ရတဲ့
ငါပဲဖြစ်တယ်
မင်းကတောင်ဘက်ပြေးချိန်မှာ
ငါကမြောက်ဘက်လိုက်မိခဲ့
( ယွန်းပိုးဖြူရဲ့ )
အခုထက်ထိတော့ ငှက်တွေပျံနေတုန်းပဲ
ဆိုလိုတာက
ဂြိုဟ်ပြာကြီး ရဲ့ တစ်နေရာ
ဒီတစ်ခါ
ပိတောက်တွေ တစ်ကယ်ပွင့်မှာလား…..။ ။
ညိုထက်ညို
Posted By Nyo Htet Nyo at 12:24 PM 3 comments
Labels: Poem
Tuesday, April 1, 2008
ပိတောက်ကြွေ…….လမ်း
အတောမသတ်
မေ့လို ခြင်းတွေက
ရင်ခွင်ထဲ ပြိုပြိုကျလာ
ပိတောက်ဝါဝါ ပွင့်ခဲ့တာ
၄၆ ကြိမ်တောင်ပ…။
တစ်ခါတစ်ခါ
“ကိုယ်တစ်ယောက်ထဲ
ပိတောက်လမ်းဝယ်
လျှောက်စမ်းချင်ပါတယ်…“ တေးသွားနဲ့ 
အဆွေးသမားကြီး ဖြစ်လိုဖြစ်…
ကံကောင်းချင် တဲ့အခါ များမတော့
“ကိုယ်ကချစ်ရတဲ့သူ
မဖြစ်လိုပါပြီ“ ဆိုဆိုပြီး
လောကကြီးကို တိုင်တည်…
အထီးကျန်ခရီးတွေ ရှည်ရှည်လျှောက်
ကိုယ်တစ်ယောက်ထဲ
အဲဒီ့ ပိတောက်လမ်းထက်မှာလေ……။ ။
ရွှေဒါးမောင်လေးရည်
Posted By Nyo Htet Nyo at 9:48 AM 0 comments
Labels: Poem




