Sunday, October 23, 2016



ပလတ်စတစ် ကို ပြန်လည် အသုံးချခြင်း 

ပလတ်စတစ် အတော်များများကို ပြန်လည် အသုံးချလို့ရတယ် ဆိုတာကို လူသိနည်းပါတယ်။ ပလတ်စတစ် အမျိုးအစားကွဲ တွေ ရှိပေမယ့် အတော်များများ သူတို့ရဲ့ ပျော်မှတ် (အပူခံနိုင်မှုအဆင့်) အတိုင်း အပူပေးလိုက်တဲ့ အခါ ပျော့ပြောင်းပြီး ပုံသွင်းလို့ ရသွားပါတယ်။ ပလတ်စတစ် အမျိုးမျိုး ထဲက မှ HDPE သို့ PEHD ဟိုဒ်ဒန်စတီ ပိုလီရပ်သလင်း (High Density Polyethylene ) ကို ဘယ်လို ပြန်လည် အသုံးပြုနိုင်သလဲ ဆိုတာကို ပြောပြပါမယ်။ 

နံပါတ် ၂ ကုဒ် ရ အမျိုးအစားဖြစ်တဲ့ HDPE နဲ့ ထုတ်လုပ်တဲ့ ပလတ်စတစ် အမျိုးအစားဟာ လုံခြုံစိတ်ချရမှုရှိပြီး အစားအစာထဲကို ဓါတုဗဒ အဆိပ်တွေ စိမ့်ဝင်မှု မရှိပါဘူး။ ဒါပေမယ့် အစားအစာ အတွက် သုံးစွဲခြင်း မရှိတဲ့ HDPE ပလတ်စတစ်ကို အစားအစာထုတ်ပိုးမှုအတွက် ပြန်လည်အသုံးချခြင်းမျိုး မလုပ်သင့်ပါဘူး။ ပုံမှန်အားဖြင့် ပြန်လည် သန့်စင်သုံးစွဲနိုင်ပါတယ်။ နို့ဘူး၊ ခေါင်းလျှော်ရည်၊ အစွန်းချွတ် ဆေးရည်၊ ဆပ်ပြာဗူး စတာတွေမှာ သုံးလေ့ရှိပါတယ်။ ဒီ ပလတ်စတစ် အမျိုးအစားကိုတော့ အိမ်မှာပဲ အပူပေးပြုပြင်ပြီး ပလတ်စတစ် သစ်သား၊ အရုပ် စတာတွေ အဖြစ် ပြန်လည် အသုံးချနိုင်ပါတယ်။

HDPE 2 ကို နို့ဘူး၊ ရေဘူး အဖုံး စတာတွေ မှာ သုံးတတ်ပြီး တံဆိပ် အနေနဲ့ HDPE 2 ကို (Recycle Sign) အလယ်မှာ တွေ့ရမှာဖြစ်ပါတယ်။ ၄၀၀ ဒီဂရီ ဖာရင်ဟိုက်အထိ အပူပေးရမှာဖြစ်ပြီးတော့ ဒီအပူချိန်မှာ ပလတ်စတစ်ညှော်နံ့ ထွက်မှာ မဟုတ်ပါဘူး။ ပျော့သွားပြီ ဖြစ်တဲ့ ပလတ်စတစ် ကို ပုံသွင်းခွက် ထဲကို ထည့်ပြီး ဖိထားပြီး လေးထောင့် အ၀ိုင်း စသည်ဖြင့် မိုအကြမ်းထည် သွင်းနိုင်ပါတယ်။

မို အကြမ်းထည်ကို ပွတ်လုံးစင်၊ ဖောက်စက်၊ ဖြတ်စက်တွေနဲ့ လိုအပ်သလို နေ့စဉ်သုံးပစ္စည်း၊ ကစားစရာ စသည်တို့အဖြစ် လွယ်လွယ်ကူကူ ဖန်တီးနိုင်ပါတယ်။ မာကျောမှု အဆင့်မြင့်ပြီး အလကားနီးပါး ရနိုင်တဲ့ ပစ္စည်းဖြစ်တာကြောင့် အိမ်တွင်းလုပ်ငန်း အဖြစ် တနိုင်တပိုင် လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ပလတ်စတစ်များကို ပြန်လည် အသုံးချခြင်းနဲ့ ပတ်သက်ပြီး ဒီနေရာမှာ လည်း လေ့လာနိုင်ပါတယ်။
https://preciousplastic.com/en/machines/

0 comments: